နာမ် နှင့် နာမဝိသေသန
ယခု သင်ခန်းစာတွင် ဟိရဂန၊ ခတခန နှင့် ခန်းဂျိကို အသုံးပြု၍ ရိုးရှင်းသော မိတ်ဆက်စကားတစ်ခု ပြုလုပ်ပါမည်။ ထိုလုပ်ငန်းစဉ်တွင် 「です」 ကို အသုံးပြုပါမည်။ ဤသင်ခန်းစာတွင် နာမ်နှင့် နာမဝိသေသနများကို မည်သို့ အသုံးပြုရမည်ကို လေ့လာပါမည်။
ပြောဆိုပုံ
ဥပမာ အင်္ဂလိပ်ဘာသာတွင် တစ်စုံတစ်ရာ ဖြစ်သည် (ရှိသည်) ဟူသောအချက်ကို
ဖော်ပြရန် “to be ” ဟူသော ကြိယာ ရှိသည်။ ဂျပန်ဘာသာတွင်မူ ဝါကျတစ်ကြောင်း ပြည့်စုံစေရန် ကြိယာ သို့မဟုတ် ကတ္တား (subject) ကို မဖြစ်မနေ အသုံးပြုရန် မလိုအပ်ပါ။ ဥပမာ သူငယ်ချင်းများကြား ပုံမှန် (ရင်းနှီးသော) စကားပြောဆိုမှုကို ကြည့်ပါ
A: 元 気?
A: နေကောင်းလား
B: 元 気।
B: (ကျွန်တော်) နေကောင်းတယ်
ယဉ်ကျေးသော ပြောဆိုပုံ
အထက်ပါ ဝါကျနှင့် ဘာကွာခြားသနည်း။
နာမ်နှင့် နာမဝိသေသနများအတွက် ယဉ်ကျေးသောပုံစံ လိုအပ်သောအခါ ဝါကျ၏ အဆုံးတွင် 「です」 ကို ထည့်ရမည်။ ထို့အပြင် 「です」 ၏ နောက်တွင် 「か」 ကို ဆက်ထည့်ခြင်းဖြင့် ယဉ်ကျေးသောပုံစံဖြင့် မေးခွန်းမေးနိုင်သည်။ 「か」 သည် မေးခွန်းသင်္ကေတ (?) ကဲ့သို့ပင် ဖြစ်သည်။ အောက်တွင် ယဉ်ကျေးသောပုံစံဖြင့် ရိုးရှင်းသော နှုတ်ဆက်စကား ဥပမာ ဖြစ်သည်။
A: 元 気 ですか?
A: နေကောင်းပါသလား
B: 元 気です।
B: ကျွန်တော် နေကောင်းပါတယ်
おはよう – မင်္ဂလာနံနက်ခင်း (ရင်းနှီးသော)
おはようございます – မင်္ဂလာနံနက်ခင်းပါ (ယဉ်ကျေးသော)
ဝိဘတ်
ဝိဘတ်ဆိုသည်မှာ ဂျပန်စကားလုံးများနှင့် တွဲ၍ ၎င်းတို့၏ သဒ္ဒါဆိုင်ရာ အဓိပ္ပာယ်ကို ဖော်ပြပေးသော ဟိရဂန တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော စကားလုံး ဖြစ်သည်။ ဝိဘတ်များကို မှန်ကန်စွာ အသုံးပြုတတ်ရန် သင်ယူခြင်းသည် အလွန်အရေးကြီးသည်၊ အဘယ်ကြောင့်ဆိုသော် မှားယွင်းစွာ အသုံးပြုပါက ဝါကျ၏ အဓိပ္ပာယ် လုံးဝ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ အင်္ဂလိပ်ဝါကျ နှစ်ကြောင်းဖြစ်သော “Eat fish.” (ငါး စားပါ) နှင့် “The fish eats.” (ငါးက စားသည်) တို့၏ အဓိပ္ပာယ်မှာ အလွန် ကွာခြားသည်။
「は」 ဝိဘတ်
ဟိရဂန 「は」 ကို ဝါကျတွင် အကြောင်းအရာ (topic) ကို ပြရန် အသုံးပြုသည်။
၎င်းသည် ဝါကျတွင် “ ...ကတော့ ၊ ...မှာ ၊ ...သည် ” ဟူသော အဓိပ္ပာယ်ကို ပေးသည်။
မှတ်ချက်
အကြောင်းအရာပြ ဝိဘတ်အဖြစ် သုံးသောအခါ 「は」 ဟု ရေးသော်လည်း 「わ」 (ဝ) ဟု အသံထွက်သည်
ဥပမာ
これ – ဒီဟာ ; ဤအရာ
何 【なに / なん】 – ဘာ
それ – အဲဒီဟာ ; ထိုအရာ
ペン – ဘောပင်
今 【いま】 – အခု
ちょっと – နည်းနည်း (ရင်းနှီးသော)
忙しい 【いそ が · しい】 – အလုပ်များသော
映 画 【えい · が】 – ရုပ်ရှင်
好き 【す · き】 – နှစ်သက်သော ; ကြိုက်သော
これ は, 何 (なん) ですか?
(ဒါက) ဘာလဲ ?
それ は, ペン です।
အဲဒါက ဘောပင် ဖြစ်ပါတယ်။
今 は, 忙しい?
အခု အလုပ်များနေလား ?
今 は, ちょっと 忙しい।
အခု နည်းနည်း အလုပ်များနေတယ်။
映画 は, 好き です か?
ရုပ်ရှင် (တွေ) ကို ကြိုက်ပါသလား ?
ဤဝိဘတ်ကို နေ့လယ်ခင်း နှင့် ညနေခင်း နှုတ်ဆက်စကားများတွင်လည်း အသုံးပြုသည်။
こんにちは – မင်္ဂလာပါ (အသံထွက် 「ကိုနီချီဝါ 」)
こんばんは – မင်္ဂလာ ညနေခင်းပါ (အသံထွက် 「ကွန်ဘန်ဝါ 」)
「も」 ဝိဘတ်
ဤ 「も」 ဝိဘတ်ကို 「は」 အကြောင်းအရာပြ ဝိဘတ်ကဲ့သို့ပင် အသုံးပြုသော်လည်း “ ...လည်း ” သို့မဟုတ် “ ...ပါ ” ဟူသော အဓိပ္ပာယ်ကို ပေးသည်။
今日 【きょう】 – ယနေ့
明日 【あした】 – မနက်ဖြန်
あさって - သန်ဘက်ခါ
うん – အင်း ; ဟုတ်တယ် (ရင်းနှီးသော)
本 当 【ほんとう】 – အမှန် ; တကယ်
リー: 今日 は 忙しい?
スミス: うん, 忙しい।
リー: 明日 は?
スミス: 明日 も 忙しい।
リー: あさって は?
スミス: あさって も।
リー: 本 当?
လီ: ဒီနေ့ အလုပ်များလား ?
စမစ်: အင်း ၊ အလုပ်များတယ်။
လီ: မနက်ဖြန်ကော ?
စမစ်: မနက်ဖြန်လည်း အလုပ်များတယ်။
လီ: သန်ဘက်ခါကော ?
စမစ်: သန်ဘက်ခါလည်း အလုပ်များတယ်။
လီ: တကယ်လား ?
「の」 ဝိဘတ်
ဟိရဂန 「の」 သည် “ ၏ / ရဲ့ ” ဟူသော အဓိပ္ပာယ်ကို ပေးသည်။
せんせいの:ဆရာ့ရဲ့
あなたの:သင့်ရဲ့
わたしの:ကျွန်တော့်ရဲ့ / ကျွန်မရဲ့
ဝါကျအဆုံးသတ် ဝိဘတ်များ
「よ」 နှင့် 「ね」
「よ」 နှင့် 「ね」 သည် အသုံးအများဆုံး ဝိဘတ် နှစ်ခု ဖြစ်သည်။
「ね」 ကို ပြောသူက နားထောင်သူ၏ သဘောတူညီချက် သို့မဟုတ် အတည်ပြုချက်ကို လိုချင်သောအခါ အသုံးပြုသည်။
ပြောသူက အချက်တစ်ခုကို ထောက်ပြလိုသောအခါ သို့မဟုတ် နားထောင်သူ မသိသေးသည့်အရာကို အသိပေးလိုသောအခါ 「よ」 ကို အသုံးပြုသည်။
နှစ်ခုလုံးကို 「よ ね」 အဖြစ် တွဲ၍လည်း အသုံးပြုနိုင်သည်။
今日 は, 暑い です ね।
ဒီနေ့ ပူတယ်နော် ?
明日 は, 忙しい です よ।
မနက်ဖြန် အလုပ်များမှာနော်။
ラーメン は, おいしい です よ ね!
ရာမင်က အရသာရှိတယ်နော် ၊ (မဟုတ်ဘူးလား?)